Local News

မုံရွာကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံပေါက်ဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဂျုံ

       ယခုတစ်ပတ်အတွင်းမှာ ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် (၄၄၅၀၀) ကျပ်၊ ဂျုံထွက်တိုးတစ်တင်းလျှင် (၄၃၀၀၀) ကျပ် ပေါက်ဈေးရှိပါသည်။ ယခင်လ ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၄၃၀၀၀)ကျပ်၊ဂျုံထွက်တိုး တစ်တင်း (၃၈၀၀၀) ကျပ်ရှိ၍ ယခုလ ကာလတူပေါက်ဈေးဖြင့် နှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်းလျှင် (၁၅၀၀)ကျပ်ခန့်နှင့် ဂျုံထွတ်တိုးတစ်တင်းလျှင် (၂၀၀၀မှ၅၀၀၀)ကျပ်ထိမြင့်တက်လာကြောင်းသိရပါသည်။

ပဲစဉ်းငုံ

       ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၄၆၃၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်လ ကာလတူ ပေါက်ဈေးနှုန်းမှာ (၄၂၀၀၀) ကျပ်ရှိ၍   ယခင်လ ကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၃၀၀၀)ကျပ်မှ(၄၀၀၀)ကျပ်ထိ ဈေးမြင့်တက်လာကြောင်းသိရပါသည်။

မတ်ပဲ

       မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၅၀၀၀)ကျပ်ဖြစ်ပြီး ယခင်လ ကာလတူပေါက်ဈေးနှုန်းမှာ (၄၆၃၀၀) ကျပ်ဖြစ်၍ ယခင်လ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မတ်ပဲ တစ်တင်းလျှင် (၅၀၀၀) ကျပ်မှ (၈၀၀၀)ကျပ်ခန့် မြင့်တက်လာကြောင်းသိရပါသည်။

ပဲတီစိမ်း

       ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၈၀၀၀  ကျပ်၊ (သေး) ၃၇၀၀၀ကျပ်မှ ၃၈၀၀၀ကျပ် ဖြစ်ပြီး ယခင်လ ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်း ၄၅၅၀၀ ကျပ်၊ (သေး) ၃၇၀၀၀မှ ၃၈၀၀၀ ကျပ်ထိရှိသည်။ ယခင်လ ကာလတူအချိန် ပေါက်ဈေးနှုန်းထက် ‌တစ်တင်းလျှင် (၂၅၀၀)ကျပ်ခန့် ဈေးမြင့်လာကြောင်းသိရပါသည်။

ကုလားပဲ(မျိုးစုံ)

       ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၅၁၇၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၅၁၇၀၀)ကျပ်၊ 929  (၄၈၅၀၀) ကျပ်၊ ထိုင်ဝမ် (၄၇၅၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်လ ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၄၈၀၀၀)ကျပ်၊ ကုဖြူလုံးသေး(၄၉၇၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၄၅၅၀၀) ကျပ်၊ ထိုင်ဝမ် (၄၄၃၀၀)ကျပ်ပေါက် ဈေးရှိ၍ ယခင်လ ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက  ကုလားပဲမျိုးစုံ ၁၀၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ ဈေးမြင့်လာကြောင်းသိရပါသည်။

နှမ်း(မျိုးစုံ)

       နှမ်းမျိုးစုံ ယခုတစ်ပတ်အတွင်း တစ်တင်းလျှင် နှမ်းဖြူ(၆၂၅၀၀) ကျပ်၊ နှမ်းနက်တစ်တင်း (၆၅၀၀၀မှ၇၅၀၀၀)ကျပ်ထိ၊ နှမ်းညို တစ်တင်းလျှင် (၅၅၀၀၀)ကျပ်ရှိပြီး ယခင်လ ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ(၅၃၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်း (၆၅၀၀၀မှ၇၅၀၀၀)ကျပ်ထိ၊ နှမ်းညို တစ်တင်းလျှင် (၅၁၀၀၀)ကျပ် ပေါက်ဈေးရှိပြီး  ယခင်လ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက နှမ်းဖြူနှင့် နှမ်းညိုဈေးမှာ မြင့်တက်လာပြီး နှမ်းနက်ဈေးမှာ ဈေးငြိမ်နေကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)၊ ပြောင်းနီ၊ ဆန်ပြောင်းဖြူ

      ယခုတစ်ပတ်အတွင်း ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၄၇၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၄၅၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၅၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်လ ကာလတူအချိန်တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၈၃၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၂၀၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၃၀၀၀)ကျပ် ရှိ၍ ယခင်လကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ဆန်ပြောင်းဖြူနှင့်ပြောင်းနီဈေးနှုန်းမြင့်လာပြီး ပြောင်းဖူးစေ့(စီပီ) ပေါက်ဈေးမှာပြန်လည်ကျဆင်းလာတာသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၄၄၀၀မှ၄၅၀၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာ (၄၄၀၀မှ၄၅၀၀)ကျပ်ရှိပြီး ယခင်လ ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၄၀၀၀မှ၄၁၅၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာ (၃၈၀၀မှ၃၈၅၀)ကျပ်ပေါက်ဈေးရှိပါသည်။ ယခင်လ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာ (၆၀၀)ကျပ်ခန့် မြင့်တက်လာကြောင်းသိရပါသည်။

 

 

Category: Local News